2021ခုနှစ်၊ မေလ 1 ရက်နေ့

မြန်မာစစ်အစိုးရနှင့်တိုက်ခိုက်နေသောတိုင်းရင်းသားအုပ်စုများဖြစ်သည့် ကရင်အမျိုးသားအစည်းအရုံး (Karen National Union: KNU) မှ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (Karen National Liberation Army :KNLA) တို့သည် မြန်မာစစ်တပ်မှ ရှင်းလင်းပစ်ရန်အလိုလားဆုံး ပစ်မှတ်များထဲက တစ်ခုဖြစ်ပါသည်။
ပာရမယ်ဆိုရင် KNU သည် မြန်မာ့တပ်မတော်အတွက် အရေးကြီးသော ပစ်မတ်ဆိုရင်လည်းမမှားပါ ဘူး။ ဘာဖြစ်လို့လဲဆိုတော့ KNU ၏တောင်ပံဖြစ်သည့် စစ်ဦးစီးချုပ်နင့် KNU ဥက္ကဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးသည် တစ်နိုင်ငံလုံးအပစ်အ ခတ်ရပ်စဲရေး သဘောတူညီချက် (Nationwide Ceasefire Agreement : NCA) ကို 2015 ခနှစ်၊ အောက်တိုဘာလ 15 ရက် နေ့တွင် ဦးဆောင်ပါ ဝင်ခဲ့ခြင်း နှင့် ဒေါ်အောင်ဆန်းစု ကြည်အစိုးရ၏ ငြိမ်းချမ်းရေးစေ့ စပ်ညှိနှိုင်း မှုအမျိုးအစားအသစ်သို့ တိုးတက်ဆောင်ရွက်ခဲ့ ပါသည်။
သို့သော် KNU ၏တောင်ပံနောက်တစ်ခုဖြစ်သည့် ဒုတိယဥက္ကဌဟောင်း နော်စီဖိုးရာစိန်သည် အဆို ပါ လမ်းစဉ်အား သဘောတူညီမှုမရှိပါ။အဘယ့်ကြောင့်ဆိုသော်ကျောထောက်နောက်ခံ ကရင်တပ်မဟာအများ စုက မြန်မာတပ်မတော်အပေါ် ယုံကြည်မှုမရှိတာအချိန်အတော်လေးကြာခဲ့ပြီးဖြစ်သောကြောင့်ဖြစ်ပါသည်။

တပ်မဟာ 5 တပ်မဟာမှူးဟောင်း၊ KNLA ဒုတိယစစ်ဦးစီးချုပ်ဒုတိယ ဗိုလ်ချုပ်ကြီး စော ဘော ကျော်ဟဲတို့သည် KNLA စစ်ခေါင်းဆောင်ဆိုင်ရာ တစ်ခုထဲက မြန်မာတပ်မတော်၏ အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းမှုတွင် သဘောတူညီမှုမရှိရန်အမြဲတမ်းငြင်းဆိုပါသည်။ဘာဖြစ်လို့လဲဆိုတော့ ၎င်းသည် မြန်မာတပ်မ တော်၏ နည်းဗျူဟာ ဆောင်ရွက်မှုတစ်ခုသာဖြစ်သောကြောင့်ဖြစ်ပါသည်။
တပ်မဟာ 5 တည်ရှိရာသည် ဖာပွန် မူတရော်ခရိုင်ဖြစ်ပြီး ကရင်ပြည်နယ်သည် သံလွင်မြစ်နှင့်နယ်နိ မိတ်ချင်းထိစပ်နေသော မဲဟောင်ဆောင်အထိ ဖြစ်ပါသည်။
ထိုင်းနိုင်ငံကိုဖြတ်သန်းစီးဆင်းသည့် သံလွင်မြစ်တစ်လျှောက် 118 ကီလိုမီတာ၏ တစ်ဖက်ခြမ်းတွင် ကရင်ပြည်နယ်၏ နယ်မြေကြီးသည် စိမ်းလန်းစိုပြေနေ၍ အထူးသဖြင့် ကျွန်းသစ်ပင်များပြားလှပါသည်။ထို ဒေသ၏နှစ်ဖက်စလုံးရှိ သံလွင်မြစ်ကို ထိုင်း-မြန်မာနယ်စပ်မျဉ်းမခွဲခင် ရှေးအချိန်ကတည်းက ကရင်တိုင်းရင်း သားများနေထိုင်နေကြတာဖြစ်ပါတယ်။
တပ်မဟာ 5 KNLA သည် ဒုတိယစစ်ဦးစီးချုပ်ဒုတိယဗိုလ်ချုပ်ကြီး စောဘောကျော်ဟဲလက်အောက်၌ အင်းအားကြီးမားလာမှု အပေါ် အသိအမှတ်ပြုခံရခြင်းနှင့်ကရင်တိုင်းရင်းသားဒေသခံများ၏ နှစ်သက်မှုနှင့်ယုံကြည်အားထားရ မှုကိုအများဆုံးရရှိခဲ့ပါသည်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အာဏာသိမ်းပြီးနောက် ပြည်သူလူထုများက အကြီးအကျယ်ဆန့်ကျင် မှု ဖြစ်ပေါ်ခဲ့ပါသည်။ထို့နောက် ဗိုလ်မှူးကြီး ဗိုလ်ကျော်ချမ်းသည် ပြည်သူလူထုကိုထောက်ခံအားပေးကြောင်းနှင် သီးခြား မြင်သူများနှင့်မြန်မာတပ်မတော်၏ ချုပ်နှောင်မှုမှ ရှောင်ပြေးနေသူများကိုလက်ခံကြောင်းကြေညာခဲ့ပါ သည်။ ကရင်စစ်တပ်ခေါင်းဆောင်များက သံလွင်မြစ်တ တစ်လျှောက် နှင့်တပ်မဟာ 5 နယ်မြေအတွင်း ရှိ မြန်မာတပ်မတော်မှ အခြေစိုက်စခန်း စုစုပေါင်း 81 ခုအား ပြန်လည်ရုပ်သိမ်း၍ ထွက်ခွာပေးရန် တောင်းဆိုလိုက်ပါသည်။ ၎င်းနယ်မြေများမှာ ပုံမှန်အားဖြင့် KNU ပိုင်နယ်မြေများဖြစ်ပြီး KNU စစ်တပ်အတွင်း သွေးကွဲ ကွဲပြားမှုဖြစ်စဉ်တွင် မြန်မစစ်တပ်မှပရိယာယ်သုံး ကြားဖြတ်ဝင်ရောက်လာခြင်းဖြစ်ပါသည်။
KNU တပ်သည် မြန်မာတပ်မတော်က ရိက္ခာသယ်ယူပို့ဆောင်ရေးလမ်းကြောင်းဖြစ်သည့် သံလွင်မြစ် တစ်လျှောက်ကို ဖြတ်တောက်ထားတာ 3 လလောက်ရှိပါပြီး။ 2021ခုနှစ်၊ မတ်လ 20 ရက်နေ့တွင် ရုတ်တ ရက် ဆန်အိတ်ပေါင်း 700 ခန့် သည် မြန်မာတပ်မတော်ကိုပို့ဆောင်ရန် မဲဆမ်မလက်ဆိပ်ကမ်းတွင် လာရောက် စုပုံထားတာရှိပါသည်။
မတ်လ 27 ရက်နေ့က KNU စစ်တပ်သည် မဲဆာရီယန်ပြည်နယ် မဲဟောင်ဆောင်တစ်ဖက်ခြမ်း ရှိ သီးမူထာမြန်မာစစ်စခန်းကိုသိမ်းပိုက်နိုင်ခဲ့ပါသည်။ထို့နောက် မြန်မာတပ်မတော်သည် ဖာပွန်နယ်မြေရှိ ကရင်တိုင်းရင်း သား တပ်မဟာ5 အား လေကြောင်းတိုက်ခိုက်မှုဖြင့် ကြီးကြီးမားမားစဉ်ဆက်မပြတ် 28 ရက်နေ့အထိဆက်တိုက် တိုက်ခိုက်ဖြစ်ပွားမှုကြောင့် ဖာပွန် ကျေးရွာ နေသူနှင့်အခြားရွာသူရွာသားများ သောင်းနှင့်ချီ၍ သံလွင်မြစ်ကမ်းနား သို့ စစ်ပွဲအန္တရာယ်မှကင်းဝေးအောင် တိမ်းရှောင်နေရပါသည်။
မြန်မာတပ်မတော်သည် လေကြောင်းထိုးစစ်ဆင်ရခြင်း၏ ပစ်မှတ်မှာ ရွာသားများကိုကြောက်ရွံ့စေရန် နှင့်ရွာသားများ၏လူနေမှုဘဝကို တည်ငြိမ်အေးချမ်းမှုမရှိစေရန်ဖြစ်ပါသည်။ဗိုလ်ချုပ်ကြီး ဘောကျော်ဟဲသည် ယ ခုဖြစ်ပေါ်နေသော အခြေအနေအား သုံးသပ်ခြင်းမှာ မြန်မာတပ်မတော်သည် ပြည်သူလူထုကြောက် လန့်တုန်လှုပ်သွားစေရန် ပြည်သူလူထု၏အိုးအိမ်များကို ပစ်ခတ်ခြင်းနှင့်အမြဲတမ်းတာဝန်ရှိသူများ တည်မြဲသော နေရာ ထိုင်ခင်းနှင့်တည်မြဲသောအခြေစိုက်စခန်းမလုပ်နိုင်ရန်ဖြစ်ပါသည်။အနှစ်ချုပ်ကတော့ ခြိမ်းခြောက်မှုပြု လုပ်ခြင်းနှင့်အခြေစိုက်တည်ထောင်မှုကို ဖြိုခွဲခြင်းဖြစ်ပါသည်။
ဗိုလ်ချုပ်ကြီး စောဘောကျော်ဟဲ (သို့မဟုတ်)ကရင်တိုင်းရင်းသားများခေါ်သော”ဖူဘော”၏အဓိပ္ပါယ် သည် “အဘိုး” သို့သော် ရွားသားများ၏ အဓိပ္ပါယ်ထွက်ဆိုချက်မှာ အလွန်လေးစားရသောပုဂ္ဂိုလ်ဖြစ်ပါသည်။ ယခုဆို ရင် အသက် 60 နှစ် သဒါးဒဲ ကျေးရွာ မူတရော်ခရိုင် ကရင်ပြည်နယ်တွင် မွေးဖွားခဲ့ပါသည်။ငယ်စဉ်ဘ ဝ၌ မြန်မာအစိုးရက “ဖြတ်လေးဖြတ် ဗျူဟာ” ဖြင့် ကရင်ပြည်နယ်ထဲကိုကျူးကျော်ဝင်ရောက်ခဲ့ခြင်းကြောင့် ငယ်စဉ် ဘဝကတည်းက စစ်သားဖြစ်ချင်ခဲ့ပြီး မာနေပလောဌာနချုပ်အုပ်ချုပ်သောဒေသရှိ ကော်သူလေး အထက်တန်း ကျောင်းတွင် ကျောင်းပြီးခဲ့ခြင်းနှင့်KNLA စစ်သားအဖြစ်ချက်ချင်းဝင်ရောက်ခဲ့ပြီး KNU ၏ရာထူး အမြင့်ဆုံး ဗိုလ်ချုပ်မှူးကြီး ဗိုလ်မြနှင့်အနီးကပ်အလုပ် လုပ်ခွင့်ရခြင်းနှင့်ထိုကာလတွင် ရှေ့တန်းနယ်မြေဒေသ များတွင် စတင်၍ တာဝန်ထမ်းဆောင်ခဲ့ပါသည်။
မကြာသေးခင်က မြန်မာတပ်မတော်သည် ကျွနု်ပ်တို့ကိုတိုက်ခိုက်ခဲ့ခြင်းမှာ မြန်မာနိုင်ငံအတွင်းရှိ ပြည်သူလူထုဘက်ကထောက်ခံကြောင်း ကြော်ငြာစာထုတ်ပြန်ချက်နှင့်ပတ်သက်မှုမရှိပါ။မြန်မာတပ်မတော် သည် ကျွန်ုပ်တို့ကို ကြံစည်တိုက်ခိုက်ခဲ့တာကြာပါပြီး အနည်းဆုံး ပြီးခဲ့တဲ့ 4-5 နှစ်လောက်ကတည်းက ကြံစည် လုပ် ဆောင်ခဲ့တာဖြစ်ပါသည်။ KNLA ဆိုင်ရာဗိုလ်မှူးကြီးများက အတွေ့အကြုံသုံး၍ မြန်မာတပ်မတော်နှင့်စစ်ပွဲ ဖြစ်ခဲ့ရတာ တစ်သက်တာဖြစ်နေတာကြောင့် ဖြစ်ပွားမှုအပေါ်ကောင်းစွာသုံးသပ်နိုင်ပါသည်။
မြန်မာတပ်မတော်သည် ကရင်ပြည်နယ်အတွင်းရှိ ကျွန်ုပ်တို့၏ တည်နေရာအသီးသီးကို မောင်းသူမဲ့ လေယာဉ်များဖြင့် လာရောက်စစ်ဆေးမှုများရှိပါသည်။မြန်မာတပ်မတော်သည် ၎င်းစီစဉ်ထားမှုအဆင့်ဆင့် အတိုင်း လုပ်ဆောင်နေပါသည်။ယခုဆိုရင် ပစ်မှတ်ကိုတိုက်ခိုက်ရန် အချိန်ရောက်ခြင်းနှင့်စိစစ်ထားသည့် အတိုင်း ဖြိုခွဲရန် ကျွနု်ပ်တို့ကို တိုက်ခိုက်ပါသည်။
နောက်အလေးအနက်ထားပြောရမယ်ဆိုရင် KNUသည် မြန်မာတပ်မတော်အာဏာသိမ်းမှုနှင့်ပတ် သက်၍ ဆန့်ကျင်သော ပြည်သူလူထုကို ထောက်ခံကြောင်းကြော်ငြာမှုကြောင့် ပစ်မှတ်အဖြစ် သတ်မှတ်ခံရတာ လား ဗိုလ်ချုပ်မှူးကြီး ဗိုလ်ကျော်ဟိန်းအဆိုသည် တိုက်ခိုက်မှုဖြစ်ပေါ်လာရခြင်းသည် မြန်မာတပ်မတော်က တိုက်ခိုက်ရန် အချိန်အတန်ကြာ ကြံစည်ထားမှုရှိသည့်အတိုင်း လုပ်ဆောင်ခြင်းဖြစ်ပါသည်။

ယခုဖြစ်ပျက်နေတာတွေအားလုံးက အားလုံးနှင့်ဆက်စပ်မှုမရှိပါဘူး သို့သော်ဆက်စပ်မှုအချို့ရှိပြီး မြန် မာတပ်မတော်က ငြိမ်းချမ်းရေးလုပ်ငန်းစဉ်လုပ်ဆောင်ရခြင်း၏ အဓိကရည်မှန်းချက်သည် ကရင်တိုင်းရင်းသား များ၏တော်လှန်ရေးကို ဖျက်ဆီးရန်ဖြစ်ပါသည်။သီရိလင်္ကာနိုင်ငံအစိုးရနှင့်တမီးလ်ကျားအဖွဲ့အစည်းမှ တော်လှန် ရေးရာလုပ်ငန်းစဉ်ဖျက်ဆီးရေး အကြောင်းအရာများကို သူတို့လေ့လာသင်ယူခဲ့ပါသည်။ထို့နောက်ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တည်ဆောက်၍ စီးပွားရေးစနစ်ဖြင့် ဝင်ရောက်စွက်ဖက်ပြီးနောက် အုပ်ချုပ်ရေးဖွဲ့စည်းပုံလုပ်ပြီး ကျွနု်ပ်တို့၏နယ်မြေထဲကို ဝင်ရောက်လာပါသည်။နောက်ဆုံးအဆိုပါ နယ်မြေဒေသများအတွင်းသို့ဝင်ရောက် စွက်ဖက်ခွင့်မရပါက တည်နေရာနှင့်၎င်းနယ်မြေရှိ ပြည်သူလူထုတို့အပါအဝင် တိုက်ခိုက် ဖျက်ဆီးမှုများလုပ်ပါ သည်။ကျွန်တော်အမြင်ကတော့ မြန်မာတပ်မတော်သည် ဖြည်းဖြည်းချင်း 2021ခုနှစ်ကတည်းက ကြံစည် လုပ်ဆောင်လာပြီး 2015ခုနှစ်တွင်(တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးသဘောတူညီမှုလက်မှတ်ရေးထိုးခြင်း (သို့မဟုတ်)NCA)ကို ဆက်လုပ်ခဲ့ပါသည်။
1985ခုနှစ်ကတည်းက စစ်သားဖြစ်ခဲ့သည့် အတွေ့အကြုံကြောင့် သူသည်အထူးတိုက်ခိုက်ရေးသင် တန်း(KNLA Commando) ကို လေ့လာသင်ယူခဲ့ပါသည်။ထို့နောက် အမြဲတမ်းနယ်မြေ မာနေပလော တွင် အမှုထမ်းခဲ့ပြီး 1996ခုနှစ်တွင် ပြိုကွဲမှုဖြစ်ပေါ်ခဲ့၍ မာနေပလော ဗဟိုဌာနချုပ်ကိုစွန့်ခွာခဲ့ရပါသည်။
တစ်နှစ်ကြာပြီးနောက် သူသည် တပ်မဟာ 5 ၏အထူးတိုက်ခိုက်ရေးတပ်ရင်းတွင် တပ်မှူးအဖြစ် ခန့် အပ်ခံရပြီး တပ်မဟာ 1,2 နှင့်3 တပ်ရင်းတို့တွင် စစ်ဆင်ရေးအကြံပေးရာထူးအဖြစ်လုပ်ဆောင်ရခြင်းကြောင့် ၎င်း 3 တပ်ရင်းရှိ အရာရှိခေါင်းဆောင်များနှင့်အနီးကပ်စွာ ပူးပေါင်းပါ ဝင်လုပ် ဆောင်ခွင့်ရခဲ့ပါ သည်။နောက်ပိုင်းတွင် ငယ်ရွယ်စဉ်ကတည်းက တပ်မဟာ၏တပ်မှူးအဖြစ်ရာထူးခန့်အပ်ခံရခြင်းနှင့်KNU ၏ဒုတိယစစ်စီး ချုပ်အဖြစ် 2021 ခုနှစ်တွင် ခန့်အပ်ခံရပြီး ယခုအချိန်ထိဖြစ်ပါသည်။
ထို့ကြောင့်၎င်းဗိုလ်ချုပ်ကြီးသည် မြန်မာစစ်တပ်၏ ကစားကွက်ပရိယာယ်နှင့်နည်းဗျူးဟာများကို ထိုးဖောက်မြင်နိုင်ပါသည်။
“ယခုသည် နောက်ဆုံးအဆင့်ဖြစ်သည့် ကျွနု်ပ်တို့တည်နေရာကို တိုက်ခိုက်ဖြိုဖျက်မှုဖြစ်ပေါ်လာရ ခြင်းမှာ မြန်မာတပ်မတော်အာဏာသိမ်းမှုနှင့်ဆက်စပ်မှုရှိပါသည်။ဘာဖြစ်လို့လဲဆိုတော့ ကြံစည်ထားသည် အတိုင်းလုပ်ဆောင်ခြင်းဖြစ်ပြီး သူတို့သည် အကြွင်းမဲ့အာဏာရချင်လိုသာဖြစ်ပါသည်။”
KNLA ဒုတိယစစ်ဦးစီးချုပ်သည် မြန်မာစစ်တပ်၏ သီးမူထာစခန်းကိုတိုက်ခိုက်မှုနှင့်ပတ် သက်၍ ပြောကြားချက်မှာ လူအများစုကတော့ မြန်မာစစ်တပ်က လက်စားချေရန်နှင့်ပြင်းထန်စွာပြန်လည် တိုက်ခိုက်ရန်အစပြုသည့် အချက်ဖြစ်သည်ဟုရှုမြင်ကြပါသည်။အဲ့လိုမဟုတ်ပါဘူး အဘယ်ကြောင့်ဆိုသော် ကရင်ပြည်နယ်အား လေကြောင်းလမ်းမှတိုက်ခိုက်ရန် ကြံစည်ထားသည်မှာကြာခဲ့ပါပြီး လေကြောင်းလမ်းမှ တိုက်ခိုက်ရန် သတင်းကို ကျွနု်ပ်တို့က ပြီးခဲ့တဲ့လကတည်းက သတင်းရရှိထားပါတယ်။မတ်လ 27 ရက်နေ့သည် မြန်မာတပ်တော်နေ့ဖြစ်ခြင်းနှင့်ထိုနေ့တွင် စစ်ရေးတစ်ခုခုပြရန်ရှိခြင်းနှင့်တစ်ခုခုလုပ်ဆောင်ရန်ရှိပါသည်။ထို့နေ့ သို့သူတို့ရောက်သောအခါ သူတို့မှာအစီအစဉ်ရှိပါတယ်။ထိုမြန်မာတပ်မတော်က စစ်ရေးတစ်ခုခုပြရန်ရှိသည့် နေတွင် ကျွန်ုပ်တို့လည်း တစ်ခုခုလုပ်ဆောင်ရန်ရှိပါတယ်။ဘာဖြစ်လို့လဲဆိုတော့ မြန်မာစစ်တပ်အခြေစိုက်ထား သောစခန်းရှိနယ်မြေများသည် ကျွနု်ပ်တို့ပိုင်နယ်မြေများဖြစ်သောကြောင့်ဖြစ်ပါသည်။

KNU အနေဖြင့်ယခုတကြိမ် မြန်မာစစ်စခန်းအားစီးနင်းရခြင်းသည် ကျွနု်ပ်တို့၏ပြည်သူလူထုက ကရင် ပြည်နယ် ကရင်ဇာတိမြေအတွင်း မြန်မာစစ်တပ်များကိုအလိုမရှိကြောင်းတောင်းဆိုမှုများရှိ၍ ပြည်သူလူထု၏ တောင်းဆိုချက်အတိုင်း တာဝန်အရ မြန်မာတပ်မတော်ကို ကျွနု်ပ်တို့နုယ်မြေမှထွက်ခွာပေးရန် မောင်းထုတ်ရ ခြင်းဖြစ်ပါသည်။
မေးမြန်းချက်အရ 2021 ခုနှစ် မတ်လ 20 ရက်နေ့က ထိုင်းနယ်စပ်ကိုဖြတ်သန်းပြီး မဲဆမ်မလက်ဆိပ် ကမ်းတွင် လာစုပုံနေသော ပဟေဠိဆန်အိတ် 700ခန့် သည် သံလွင်မြစ်ကမ်းတစ်လျှောက်ရှိမြန်မာစစ်စခန်းများ သို့သယ်ဆောင်ရန်ကိစ္စရပ်သည် မြန်မာတပ်မတော်က မကျေနပ်မှုဖြစ်ပေါ်နိုင်မလား။
“ဒီရက်စက်ကြမ်းကြုတ်သောအာဏာကြီးကုန်ဆုံးသွားရန်နည်းလမ်းဖြစ်ပြီး စိုးရိမ်ပူပန်မှုနှင့်ကြောက်ရွံ့ မှုတွေကို ပြည်သူလူထုဘဝထဲက ပျောက်ကွယ်သွားမည် အရာဟာ အာဏာရှင်စနစ်ကို ဖျက်ဆီးရန်နှင့် တိုက်ခိုက် အနိုင်ယူရန် တစ်ဦးတစ်ယောက်အတွက် (သို့မဟုတ်) တိုင်းရင်းသားတစ်စုအတွက် တိုက်ခိုက်အ နိုင်ယူခြင်း မဟုတ်ပါ။ကျွနု်ပ်တို့သည် ပြည်သူလူထုများဖြစ်၍ လူတိုင်း တိုင်းရင်းသားတိုင်း ဖိနှိပ်ခံရခြင်းကြောင့် ဒေသအ လိုက်၊ စွမ်းရည်အလိုက်၊ အခွင့်အလမ်းအလိုက်၊ အခြေအနေအလိုက်နှင့်အစွမ်းကုန် စုပေါင်းအင်အား ဖြင့် ညီညွတ်စွာအတူတကွပူးပေါင်းတိုက်ကြရပါမည်။အကယ်၍ ဒီစစ်အာဏာရှင်စနစ်ကို ဖျက်သိမ်းနိုင်ခဲ့ပြီးဆို ရင် ဘဝ နှင့်ပိုင်ဆိုင်မှုအတွက် လုံခြုံမှုရှိခြင်း၊ လွတ်လပ်မှုနှင့်ပုံမှန်ဘဝပျော်ရွင်မှုကိုရရှိခြင်း ဥပမာ – ပြည်သူလူ ထုတိုင်း၏ ပျော်ရွင်မှုကိုပြန်လည်ရှိနိုင်ရန်ဖြစ်ပါသည်။”
မြန်မာသည် အစီအစဉ်ကောင်းကောင်းချထားခြင်းနှင့်၎င်းအကြံအစည်သည် တူညီမှုမရှိသော်လည်း တစ်ချိန်တည်းမှာဘဲဖြစ်ပွားမှုကြောင့် အများစု၏မေးမြန်းချက်မှာ ဆက်နွယ်ပတ်သက်မှုရှိပါသလား။ကျွန်တော် ပြောပြလို တာကတော့ မြန်မာ၏အဓိကရည်ရွယ်ချက်သည် လက်နက်ကိုင်တိုင်းရင်းသားအသီးသီးကို လက် နက်ချစေရန် လက်နက်ကိုင်အဖွဲ့အစည်းအားလုံးကို လက်နက်ချစေ၍ မြန်မာတပ်မတော်၏လက်အောက်တွင် နေရန်ဖြစ်ပြီး ၎င်းကိုကျွနု်ပ်တို့သည် လုံးဝ လက်မခံနိုင်သောအရာဖြစ်ပါသည်။
ဘယ်လိုဘဲဖြစ်ဖြစ် စစ်ပွဲ၏ရလဒ်သည် မလွှဲမရှောင်အကျိုးဆက်များရှိလိမ့်မည် ဆိုလိုသည်မှာ မတ်လ 27-28 ရက်နေ့က မြန်မာတပ်မတော်၏ တိုက်ခိုက်မှုကြောင့် ရွာသူရွာသားများစစ်ဘေးရှောင်ပုန်းရပါသည်။ ခန့်မှန်းခြေအရ သောင်းနှင့်ချီသော ရွာသူရွာသားများ တောထဲသို့ ရှောင်ပုန်းနေရခြင်းနှင့်ထိုင်းနိုင်ငံ နယ်မြေ ထဲသို့ စစ်ဘေးရှောင်ပုန်းနိုင်ရန်အတွက် အများအားဖြင့် သံလွင်မြစ်ကမ်းတစ်လျှောက်သို့ဦးတည်ရှောင်ပုန်းကြပါ သည်။
ထိုအချိန်ကာလသည် အကူအညီလိုအပ်ခြင်းနှင့်မှီခိုရာကင်းမဲ့သောဒေသခံရွာသူရွာသားသည် ဒီစစ်ပွဲအတွက် စားနပ်ရိက္ခာမလုံလောက်ပါ။နေထိုင်မှုနှင့်စားဝတ်နေရေးကိစ္စရပ်အတွက် အခက်အခဲအရမ်းဖြစ် လှပါတယ်။ကျွနု်ပ်တို့ သိရှိချက်အရ ကူညီမှုပေးသောသူများ များပြားမှုရှိခြင်းအတွက် ကျေးဇူးတင်ပါတယ်။သို့ သော် နယ်စပ်သယ်ယူပို့ဆောင်ရေးတွင် ကြာမြင့်နေသိကိုတွေ့ရပါသည်။ထိုင်းနိုင်ငံဘက်ကလည်း ကူညီချင်စိတ် ရှိသည်ကို သိရပါသည်။ရွာသူရွာသားများ စစ်ဘေးရှောင်ပြေးမှုနှင့်ပတ်သက်၍ မေးမြန်းရာတွင် KNU စစ်တပ် ခေါင်းဆောင်၏မျက်နှာသည် အချည်းနှီးဖြစ်နေသော်လည်း မျက်ဝန်းထဲတွင် သူ၏စိုးရိမ်ပူပန်မှုကို စိတ်ထဲတွင် ဖုံးကွယ်ထားနိုင်စွမ်းမရှိခဲ့ပေ။
သံလွင်မြစ်ကမ်းတစ်လျှောက် သစ်တောထဲတွင်မှီခိုနေထိုင်သောရွာသူရွာသားများသည် ပထမ ဂယက် မတ်လ 28 ရက်နေ့တွင် ထိုင်းနိုင်ငံနယ်မြေသို့ စစ်ဘေးရှောင်ပြေးခဲ့ရခြင်းမှာ ဧပြီလအစပိုင်းအထိ ပို၍များပြား လာပါသည်။ဖာပွန်ကျေးရွာအထက်တွင် မြန်မာတပ်မတော်၏ ကင်းထောက် စစ်လေယာဉ်နှင့်မောင်းသူ မဲ့လေယာဉ်များ ရှိနေသေးသောကြောင် မည်သူမှ အိမ်ကိုပြန်နေမရဲကြသေးပါ။မည်သို့ပင်ဖြစ်စေကာမူ ထိုင်းနိုင်ငံ သံလွင်မြစ်ဘက်ခြမ်းတွင် သွားရောက်မှီခိုနေထိုင် နေကြသော ကရင်တိုင်းရင်းသားများကို အိမ်ပြန် ရန်တိုက်တွန်းမှုကြောင့် ဧပြီလ 22 ရက်နေ့တွင် ထိုင်းနိုင်ငံဘက်ခြမ်း သံလွင်မြစ်ရှိ ကရင်တိုင်းရင်းသားများမရှိ သလောက်ဖြစ်ခဲ့ပါသည်။
စစ်ဘေးရှောင် ဂယက်ကြီးဖြစ်ပေါ်ပြီးနောက်တစ်လ အကြာတွင် KNU သည် မဲဆမ်မလက် (ောသာ်လဲထာ) တစ်ဖက် ခြမ်းရှိ သောလဲထာ မြန်မာအခြေစိုက်စစ်စခန်းအား ဝင်ရောက်စီး နင်းအောင်မြင်ခဲ့ခြင်းကြောင့် မြန်မာတပ်မတော် နှင့်နောက်တစ်ကြိမ်တိုက်ပွဲဖြစ်ခဲ့၍ ကရင်ပြည်နယ်တောထဲတွင် ပုန်းရှောင်နေရသော ကရင်တိုင်းရင်းသား ထောင်ချီသည် ထိုင်းနိုင်ငံဘက်ခြမ်းသို့ ထပ်မံရှောင်ပြေးရပြန်ပါသည်။

“အာဏာရှင်များကို နားလည်စေချင်တာကတော့ ကျွန်တို့၏ပြည်သူလူထုသည် အခက်အခဲများစွာကို ရင်ဆိုင်နေရခြင်းကြောင့် လူသားချင်းစာနာစိတ်ဖြင့် ကူညီ၍ သက်ညှာပေးပါရန်နှင့်ကုသိုလ်အရဆုံးဟာဖြစ်ပါ သည်။တစ်နေ့ကျလျှင် ကျေးဇူးဆပ်ရန်အခွင့်ရခဲ့ပါက ကျွန်တို့သည် ကျေးဇူးပြန်ဆပ်ပါမည်။သို့သောယခုကာလ သည် အရမ်းကို ဒုက္ခရောက်နေပါသည်။”KNU ၏ဒုတိယဗိုလ်ချုပ်ကြီးသည် ထိုင်းပြည်သူလူထုက ဒုက္ခရောက် ကရင်းတိုင်းရင်းသားများအပေါ်ထားသော မေတ္တာနှင့်ကြင်နာတရားအပေါ် အရမ်းကျေးဇူးတင်ပါသည်။
ဗိုလ်ချုပ်ကြီး ဘောကျော်ဟဲဆိုသည်မှာ အဖွဲ့အစည်းအားလုံးက ပြည်သူလူထု၏ပြဿနာကို အဓိက ထား၍ ကြည့်စေချင်ပါသည်။ပြည်သူလူထုကိုကူညီရန် စားသောက်ပစ္စည်းများသယ်ယူလာသောလှေကို မြန်မာ စစ်သားများက ပစ်ခတ်ခြင်းသည် လုံးဝ မဖြစ်သင့်ပါ။ဘာဖြစ်လို့လဲဆိုတော့ ပြည်သူလူထု၏ပြဿနာကို အမြန် ဆုံးဖြေရှင်းပေးသင့်ပါတယ်။တပ်ရင်း၏ပြဿနာဟု မရှုမြင်သင့်ပါ။
မြန်မာစစ်သားအမြဲတမ်းနေနယ်စပ်သို့ ရောက်ရှိလာ၍ မလုပ်သင့်သောကန့်ုကွက်မှု(သို့မဟုတ်)အလုပ် သင့်သောအပြုအမူ(လှေကိုပစ်ခတ်ခြင်း)ရွာသားများကို ကြောက်ရွံ့စေရန်အတွက်သာ လုပ်ဆောင်ခြင်းဖြစ်ပါ သည်။မြို့ထဲတွင်းလည်း လက်ဗလာပြည်သူများကို မြန်မာစစ်သားများပစ်ခတ်တာရှိပြီး ၎င်းအပြုအမူမျိုးသည် နယ်စပ်တွင်လည်းပြုလုပ်ပါသည်။ထိုအပြုအမူ အကျင့်သည် ရန်ရှာတာမျိုးဖြစ်ခြင်းနှင့်ပြည်သူအား ဒုက္ခရောက် စေပါသည်။
မြန်မာလေကြောင်းက စစ်လေယာဉ်ဖြင့်တိုက်ခိုက်မှုကြောင့် အကြီးအကျယ်ထိခိုက်ပျက်စီးသွားသော ဖာပွန်ကျေးရွာ အသိုင်းအဝိုင်းပြန်လည်ထူထောင်နိုင်ရေး ကိုမေးမြန်းရာတွင် ဗိုလ်ချုပ်ကြီး ဘောကျော်ဟဲ ၏ပြော ကြားချက်သည် အခြေအနေကို တဖြည်းဖြည်းအကဲဖြတ်စောင့်ကြည့်သွားရန်လို အပ်ခြင်းနှင့် အခွင့်အရေးရပါက တတ်နိုင်သမျှအမြန်ဆုံးလုပ်ဆောင်သွားပါမည်။
“ယခုကာလသည် ပြည်သူများ၏ ပျက်စီးဆုံးရှုံးမှုကို အကဲဖြတ်နေခြင်းနှင့်ပြည်သူကို ဂရုစိုက်နေပါ သည်။ကျွနု်ပ်တို့၏ ရွာသားများဒီရာသီအတွက်အဆင်သင့်လုပ်ထားသော လယ်ယာများကိုပြန်လုပ်စေချင် နေပါပြီး သူတို့တွေ့ စပါးစိုက်ရတော့မည်။ထိုသို့မပြုလုပ်ပါက ကာလရှည်တွင် အခက်အခဲတွေ့နိုင်ပါသည်။ နောက်လာမည့်နှစ်များတွင် စားရန်ဆန်မရှိခြင်းနှင့်အခြားပြဿနာများရှိလာလိမ့်မည်ဖြစ်ပါတယ်။စစ်အာဏာရှင် စနစ်ကို ဆက်လက်ထိန်းချုပ်ထားမည်ဆိုပါက ရေရှည်အခက်အခဲများဆက်လက်ရှိနေဦးမည်ဖြစ်ပါသည်။တစ်ခု တည်းသောနည်းလမ်းမှာ မြန်မာစစ်အာဏာရှင်စနစ်ကို ခုတ်လှဲနိုင်ရန်လိုလိမ့်မည်။
ပြည်သူအခက်အခဲများနှင့်အတူနေခြင်းကြောင့် ၎င်းဗိုလ်ချုပ်ကြီးအား ကရင်တိုင်းရင်းသားများ ၏ခွန်းအား အဖြင့် ဖြစ်စေပြီး သူသည် ကြေညာခဲ့ဖူးသည်မှာ အလိုချင်ဆုံးဆန္ဒသည် ပြည်သူလူထု ကရင်နှင့်မြန်မာနိုင်ငံသား များ၏ ငြိမ်းချမ်းရေးပင်ဖြစ်ပါသည်။ထို့ကြောင့် အာဏာသိမ်း သောမြန်မာ တပ်မတော် ကို တော်လှန်ဆန့်ကျင် သည့် ပြည်သူအားတိုက်ခိုက်ခြင်းတွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ထဲက KNU သည် စစ်ဘေးရှောင် ပြေးရလာသောပြည်သူများကို စောင့်ရှောက်ပေးရန်အသင့်ဖြစ်ကြောင်း ပထမဆုံး ကြေညာခဲ့ပါသည်။
“KNUလက်နက်ကိုင်အဖွဲ့ရှိရခြင်းသည် ပြည်သူကိုကာကွယ်ရန်နှင့်လွတ်လပ်မှုကိုတောင်းဆိုရန်ဖြစ်ပါ သည်။သို့သော်မြန်မာတပ်မတော်သည် ပြည်သူလူထုကို ဖိနှိပ်ရန် ပစ်မှတ်ထား၍ အားလုံးကို အာဏာသိမ်းပါ သည်။မြန်မာနိုင်ငံသည် တိုင်းရင်းသားမျိုးနွယ်များစွားစုပေါင်းနေသောနိုင်ငံဖြစ်ပြီး အားလုံးပူးပေါင်းပါဝင်နိုင်ခွင့် ရှိရန်နှင့်လူတိုင်းလွတ်လပ်ခွင့်ရှိရမည်။ကျွန်ုပ်တို့သည် အာဏာသိမ်းစနစ်ဖြင့် ထိန်းချုပ်မှုကိုမလိုလားပါ။ကျွန် တို့မြင်နေရသော ဖြစ်ပွားမှုမှာ လက်ဗလာပြည်သူအသတ်ခံရ နှိပ်စက် အနိုင်ကျင့်လုပ်ရပ်တို့ဖြင့်အာဏာ သိမ်းခြင်းကို ကျနော်တို့သဘောမတူညီပါ။”
KNU ခေါင်းဆောင်၏ပြောကြားချက်မှာ ယခုလက်ရှိတွင် တရားမျှတမှုမရှိဘဲ မြန်မာတပ်မတော်၏ အာ ဏာသိမ်းမှုကြောင့် တိုင်းရင်းသားတိုင်း အဖွဲ့အစည်းတိုင်း မြန်မာပြည်သူပြည်သားများအပါအဝင် တစ်နိုင်ငံ လုံးကို ဆိုးကျိုးဖြစ်စေခဲ့ပါသည်။ဒီဘေးဥပဒ်ဆိုးကြီးက လွတ်မြောက်ရန်တစ်ခုတည်းသောနည်းလမ်းသည် လူမျိုးစုအားလုံး၊ ကရင်၊ ကချင်၊ ချင်း၊ရခိုင်နှင့်အခြားအဖွဲ့အစည်းများအားလုံး မြန်မာပြည်သူပြည်သားများ အပါ အဝင် ပူးပေါင်းဆောင်ရွက်ကြရန်လိုအပ်ပါသည်။
ကျွနု်ပ်တို့အတူတကွပူးပေါင်းပြီးတိုက်ခိုက်ခြင်းဖြင့်အာဏာရှင်စနစ်ကို ဖျက်ဆီးပစ်ရမည်။ကျွန်ုပ်တို့အတူ လက်တွဲပြီး တိုက်ခိုက်နိုင်မှုမရှိပါက ကျွနု်ပ်တို့အသီးသီးသည် ရက်စက်သောဖိနှိပ်မှုကို ဖြည်းဖြည်းခြင်းရင်ဆိုင် ရလိမ့်မည်။မြို့ထဲနေသူများလည်း ကြောက်ရွံ့ထိတ်လန့်မှု ရက်စက်ကြမ်းကြုတ်မှုနှင့်အသတ်ခံရမှုများရင်ဆိုင်ရ ခြင်း ကျေးလက်နေသူများသည်လည်း ကြောက်ရွံ့ထိတ်လန့်မှု ရှောင်ပြေးတိမ်းရှောင်မှုနှင့်အသတ်ခံရမှုများကို ရင်ဆိုင်ရခြင်း မြို့တစ်မြို့ ပြည်နယ်တစ်ပြည်နယ်ကိုသာ သက်ရောက်မှုရှိတာမဟုတ်ဘဲ မြန်မာနိုင်ငံအတွင်းရှိ မြို့နှင့်ပြည်နယ်အားလုံကိုသက်ရောက်ခြင်းဖြစ်ပါသည်။
“ဒီရက်စက်ကြမ်းကြုတ်သောအာဏာကြီးကုန်ဆုံးသွားရန်နည်းလမ်းဖြစ်ပြီး စိုးရိမ်ပူပန်မှုနှင့်ကြောက်ရွံ့ တွေကို ပြည်သူလူထုဘဝထဲက ပျောက်ကွယ်သွားမည့်အရာဟာ အာဏာရှင်စနစ်ကို ဖျက်ဆီးရန်နှင့်တိုက်ခိုက် အနိုင်ယူရန် တစ်ဦးတစ်ယောက်အတွက် (သို့မဟုတ်) တိုင်းရင်းသားတစ်စုအတွက် တိုက်ခိုက်အနိုင်ယူခြင်း မဟုတ်ပါ။ကျွနု်ပ်တို့သည် ပြည်သူလူထုများဖြစ်၍ လူတိုင်း တိုင်းရင်းသားတိုင်း ဖိနှိပ်ခံရခြင်းကြောင့် ဒေသအ လိုက်၊ စွမ်းရည်အလိုက်၊ အခွင့်အလမ်းအလိုက်၊ အခြေအနေအလိုက်နှင့်အစွမ်းကုန် စုပေါင်းအင်အားဖြင့် ညီညွတ်စွာ အတူတကွပူးပေါင်းတိုက်ကြရပါမည်။အကယ်၍ ဒီစစ်အာဏာရှင်စနစ်ကို ဖျက်သိမ်းနိုင်ခဲ့ဆိုရင် ဘဝ နှင့်ပိုင်ဆိုင်မှုအတွက် လုံခြုံမှုရှိခြင်း၊ လွတ်လပ်မှုနှင့်ပုံမှန်ဘဝပျော်ရွင်မှုကိုရရှိခြင်း ဥပမာ – ပြည်သူလူထုတိုင်း၏ ပျော်ရွင်မှုပြန်လည်ရောက်ရှိမည်ဖြစ်ပါသည်။”
KNLA ဗိုလ်ချုပ်ကြီးသည် ပြည်သူအားလုံးကိုအသိပေးခြင်းမှာ ပြည်သူလူထုအားလုံး တိုင်းရင်း သား မျိုးနွယ်စုအားလုံး နယ်မြေဒေသအားလုံးတို့သည် လွတ်မြောက်ရေးအတွက်တိုက်ပွဲဝင်ရန်နှင့်စစ်အာဏာ ရှင်စနစ်၏တရားမျှတမှုမရှိခြင်းကို ဖြိုခွဲဖျက်ဆီးသည့်အပြင် ကျွနု်ပ်တို့အား အမြတ်ထုတ်သော အခြေခံဥပဒေကို ဖျက်သိမ်းရန်နှင့်ဖိနှိပ် အနိုင်ကျင့်ရေးရာအဖြစ် လူမှုရေးတွင် ဖြစ်ပေါ်မည့် တရားမျှတမှုမရှိ ခြင်းကိုလည်း ဖျက်ဆီးပစ်ရမည်။
ယနေ့အခြေအနေသည် သံလွင်မြစ်ကမ်းတစ်လျှောက် မြန်မာစစ်တပ်နှင့်ဗိုလ်ချုပ်ကြီး ဘောကျော်ဟဲ အုပ် ချုပ်သော KNU ကရင်တပ်မဟာ 5 တို့သည် တိုက်ပွဲများပြင်း ထန်နေဆဲဖြစ်ပါ သည်။ မြန်မာစစ်တပ်က လက်နက် များ ထက်သာလွန်ကဲသော်လည်း KNU စစ်သားများသည် မိမိဇာတိမြေအနေ အ ထားကို ပို၍ကျွမ်း ကျင်မှုရှိပါ သည်။

အရေးအကြီးဆုံးဖြစ်သော ခွန်အားနှင့်စိတ်ဓါတ်များကြောင့် ယခုအခါတွင် ကရင်တပ်မဟာသည် အ လွန်တက်ကြွစွာ လှုပ်ရှားမှုရှိပါသည်။အဘယ့်ကြောင့်ဆိုသော် မိမိတိုင်းရင်းသားများက ထောက်ပံ့အားပေးမှုနှင့် မြန်မာပြည်သူများကလည်းအားပေး၍ မြန်မာတပ်နှင့်တိုက်ခိုက်ရန် လက်နက်ကိုင်နည်းသင်တန်းများတက် ရောက်နေပါသည်။
မှတ်ချက်။ ။ဗိုလ်ချုပ်ကြီး ဘောကျော်ဟဲနှင့်ပြီးခဲ့တဲ့အပတ်က အင်တာဗျူးပြုလုပ်ခဲ့ပါသည်။နယ်စပ်ရှိ သတင်းယူရုံးသည် အချို့သောသတင်းများ တင်ဆက်ပေးပြီးဖြစ်ခြင်းနှင့်မတင်ဆက်ရသောအချက်အလက်များ ကျန်ရှိနေသေးသောကြောင့် ပြန်လည်ရေးဖွဲ့ထားခြင်းဖြစ်ပါသည်။
https://transbordernews.in.th/home/?p=27340
transbordernews ဆောင်းပါမှ ရ ယူ ဘာသာပြန်ခြင်းဖြစ်သည်။