Search

မြန်မာ့တပ်မတော် အရာရှိဟောင်းတစ်ဦး၏ ဖွင့်ဟချက်

အာဏာသိမ်းပြီး ၃လအကြာတွင် စစ်တပ်၏ ပြည်သူများအပေါ်ဖိနှိပ်ရက်စက်မှုများကို မျက်မြင် ကိုယ်တွေ့ကြုံရပြီးနောက် ကပ္ပတိန် ဇီးရိုး တစ်ယောက် အာဏာသိမ်းစစ်တပ်ကို ကျောခိုင်းစွန့်ခွာလိုက် တော့သည်။ မိမိအတွက် အလားအလာကောင်းသော အလုပ်ဖြစ်သော်လည်း ရာထူးကို စွန့်လွတ်ခဲ့သည်။

ကပ္ပတိန် ဇီးရိုးသည် မကွေးတိုင်း၊ဆိပ်ဖြူမြို့အခြေစိုက် စစ်လက်နက်ထုတ်လုပ်ရေးတပ်မှ ပြည်သူဘက်သို့ ကူးပြောင်းလာခဲ့ခြင်းဖြစ်သည်။

“အာဏာသိမ်းပြီးခါစမှာတော့ ဘာဖြစ်လာမလဲဆိုတာမသိသေးခဲ့ပေမယ့် နောက်ပိုင်းမှာ ပြည်သူတွေကို မတရားဖမ်းဆီးတာ၊ သတ်ဖြတ်တာတွေလုပ်လာတဲ့အခါမှာတော့ ဒီလိုကိစ္စတွေကိုစက်ဆုပ်လို့၊ လက်မခံနိုင်လို့ ကျနော် တပ်ထဲကထွက်လာခဲ့ပါတယ်။”

ဖော်ဖော်ဝါရီ ၁ ရက်နေ့တွင် မင်းအောင်လှိုင် အာဏာသိမ်းခဲ့သဖြင့် အစပိုင်းမှာ ပြည်သူတွေက ကြောက်ရွံ့ခဲ့သော်လည်း နောက်ပိုင်းတွင် ပြည်သူများစည်းလုံးညီညွတ်စွာဖြင့် ပြန်လည် တော်လှန်ခဲ့ကြသည်/ ပြည်သူ့တော်လှန်ရေးကို ဖော်ဆောင်ခဲ့ကြသည်။

အမိနိုင်ငံတော်/ပြည်သူကို ကာကွယ်ရမည့် သေနတ်ပြောင်းဝများက ပြည်သူများဘက်ကို လှည့်လာလေတော့သည်။

တပ်မတော် ထိပ်သီးပိုင်းတွေရဲ့ ခေတ်အဆက်ဆက်ပြောလာတဲ့ စကားကတော့ တိုင်းရင်းသားတွေကို ရန်သူလို့မြင်စေပြီး ဗမာတွေနဲ့ သွေးကွဲစေတာပါပဲ ၊ အဲလို ရိုက်သွင်းထားတာကြောင့်လဲ တပ်ကို ပိုမိုချုပ်ကိုင်ထားနိုင်စေပါတယ်

ကပ္ပတိန် ဇီးရိုးအား ရန်ကုန်တိုင်း၊ မှော်ဘီမြို့တွင်မွေးဖွားခဲ့ပြီး တက္ကသိုလ်ဝင်တန်းကို ၂၀၀၉ တွင်အောင်မြင်ခဲ့ပြီး အသက် ၁၆နှစ်မှစ၍ တပ်မတော်နည်းပညာတက္ကသိုလ်တက်ရောက်ခဲ့သည်။ တပ်မတော်နည်းပညာကက္ကသိုလ်တွင်၅နှစ်တက်ရောက်ပြီးနောက်စစ်လက်နက်ထုတ်လုပ်ရေးတပ်တွင်စတင်တာဝန်ထမ်းဆောင်ခဲ့ပြီးအသက်၂၉နှစ်ရှိကြယ်၃ပွင့်အဆင့်ဗိုလ်ကြီးရာထူးအထိဖြစ်လာခဲ့သည်။

“ကျနော် စစ်တက္ကသိုလ်တက်ဖို့ ရွေးချယ်ဖြစ်တာက စစ်တိုက်တဲ့ ဇာတ်လမ်းတွေကြိုက်လို့ရယ် ၊ တပ်မတော်သားတွေက နိုင်ငံတော်ကို ကာကွယ်ကြတယ်ဆိုတာကို သဘာကျလို့ ဖြစ်ပါတယ်။ ကျနော်ရဲ့ မှတ်ဥာဏ်ထဲမှာတော့ တပ်မတော်သားတွေက နိုင်ငံတော်ကို ကာကွယ်တယ်၊ တပ်ထဲမှာ ကျနော်တို့ဟာ စည်းစည်းလုံးလုံးနဲ့ ဘာပြဿနာမှမရှိပဲ ညီအစ်ကိုတွေလို နေခဲ့ကြတယ်”

အကယ်၍ အာဏာသိမ်းမှုသာမဖြစ်ခဲ့ရင် ကပ္ပတိန်ဇီးရိုးဟာ သူငယ်စဥ်ကထင်သလို ရှေ့တန်းထွက်ပြီး နိုင်ငံတော်ကိုမကာကွယ်ရပေမယ့် သူတာဝန်ကျရာတပ်မှာပဲ စစ်လက်နက်ပစ္စည်းတွေ ထုတ်လုပ်ရင်း ပျော်ပျော်ကြီး တာဝန်ထမ်းဆောင်နေရမှာဖြစ်ပါတယ်။

ကြယ် ၃ ပွင့်ရ ဗိုလ်ကြီးရဲ့ လစာဟာ မြန်မာကျပ် ၃၀၀၀၀၀ ကျော် ၊ ထိုင်း ဘတ်နဲ့ဆို ၆၀၀၀ ကျော်ဖြစ်ပါတယ် သို့သော် သူ့ထက်ရာထူးငယ်တဲ့ တပ်သားတွေကတော့ လစာ ၁၅၀၀၀၀ ပဲရပါတယ်။ အခုလို ခေတ်ကာလအနေအထားနဲ့ဆိုရင် လစာကနည်းပေမယ့် သူဟာဒီအလုပ်ကို ကျေကျေနပ်နပ်ကြီး လုပ်နေခဲ့ပါတယ်။

…နောက်ထပ်အရေးကြီးတာတစ်ခုက စစ်တပ်အတွက် ရပ်တည်ပေးတဲ့ ပြည်သူတွေက မရှိသလောက်ဖြစ်နေတာပဲ၊ ပြည်သူ့အင်အားက တပ်အင်အားထက်များတယ် ၊ အခုလို အားမလျော့ပဲ ဆက်လက်တိုက်ပွဲဝင်တော်လှန်နေရင် ရေရှည်မှာ ပြည်သူ့အောင်ပွဲခံရမှာပါ

“တကယ်တော့ ကျနော်တို့ နိုင်ငံမှာ အလုပ်အကိုင်အခွင့်အလမ်းနည်းပါးပါတယ် တချို့က တက္ကသိုလ်ဘွဲ့ရပြီးတာတောင် အလုပ်မရှိတာမျိုးရှိတယ် ဆိုတော့ မိဘတွေက သူတို့ သားတွေကို စစ်ဗိုလ်ဖြစ်စေချင်ကြတယ် ဘာလို့လဲဆိုတော့ အလုပ်အကိုင်ရှိပီး အသိုင်းအဝိုင်းကြားထဲမှာ ဂုဏ်ရှိတဲ့အလုပ်ဖြစ်တယ်လေ”   

တပ်ထဲမှာ အများစုက ဗမာလူမျိုးဖြစ်ပြီး တိုင်းရင်းသားတွေက အနည်းစုပါပဲ။

Photo www.news.cn

“တပ်မတော် ထိပ်သီးပိုင်းတွေရဲ့ ခေတ်အဆက်ဆက်ပြောလာတဲ့ စကားကတော့ တိုင်းရင်းသားတွေကို ရန်သူလို့မြင်စေပြီး ဗမာတွေနဲ့ သွေးကွဲစေတာပါပဲ ၊ အဲလို ရိုက်သွင်းထားတာကြောင့်လဲ တပ်ကို ပိုမိုချုပ်ကိုင်ထားနိုင်စေပါတယ် ”

ဒီလို ရိုက်သွင်းခံထားရတဲ့အတွက် ပြည်သူတွေ တိုင်းရင်းသားတွေကို သတ်ရဲဖြတ်ရဲတဲ့ စိတ်တွေ ဝင်လာပါတော့တယ်။

“ကျနော်တို့ ငယ်ငယ်ကတည်းကသိထားတာက တပ်ကိုဖြိုခွဲမယ့် ဘယ်သူ့ကိုမဆို ရန်သူလို့ သတ်မှတ်ထားတယ် ၊ အန်အယ်လ်ဒီအစိုးရကိုလဲ စစ်တပ်ပြိုကွဲအောင်လုပ်ဖို့ ပြည်သူတွေကို ဆူပူအုံကြွလာအောင်သွေးထိုးတယ်ဆိုပြီးတော့ ရန်သူလို့ သတ်မှတ်ထားတယ်”

ကပ္ပတိန်ဇီးရိုးက တပ်ထဲကနေမထွက်လာခင် သူငယ်ချင်းတွေနဲ့ စကားပြောဖြစ်တဲ့အခါ အခုလို ပြည်သူတွေကိုသတ်ဖြတ်နေတာက တိုင်းပြည်နဲ့တပ်မတော်ကို ကာကွယ်နေတာလို့ သူတို့ကပြောပါတယ်။ “ အဲ့ဒီအချိန်မှာ သူတို့အတွေးနဲ့ ကျနော် အတွေးက မတူဘူးသိလိုက်ရတော့ တပ်ထဲမှာ ဆက်မနေတော့ပဲ ထွက်လာခဲ့လိုက်တယ် “

တပ်ကနေထွက်လာပြီးနောက် တောထဲတွင်ပုန်းရှောင်နေခဲ့ပါတယ်၊ သူပြောပြတဲ့အထဲမှာ စိတ်ဝင်စားဖို့ကောင်းတဲ့ ဂဏန်းတစ်ခုကတော့ ပြည်သူ့ရင်ခွင်ကို ခိုလှုံလာတဲ့ စစ်သား နဲ့ ရဲ အရေအတွက် ၇၀၀၀ ကျော်ခန့်ရှိနေပြီဆိုတာပါပဲ။

“ကျနော့်အထင်အရ တကယ်ဆိုရင် တပ်ထဲကနေထွက်လာချင်တဲ့ စစ်သားတွေအများကြီးရှိတယ် သို့သော် အပြင်ထွက်လာရင် ဘာတွေဆက်ဖြစ်မယ် ဘယ်လိုနေထိုင်စားသောက်ရမယ်ဆိုတာရယ် မိသားစုအတွက် စိတ်မချရတာရယ်ကြောင့် မထွက်လာဖြစ်ကြတာ”

အခုလက်ရှိကာလမှာ သတင်းတွေမှာဖော်ပြတာက မြန်မာတပ်မတော်ရဲ့အင်အားက ၄ သိန်းကျော်ရှိတယ်ပြောပေမယ့် ၊ ကပ္ပတိန် ဇီးရိုး ကတော့ စဥ်းစားစရာကောင်းတဲ့ အချက် တစ်ခုကိုပြောပြလာပါတယ်။

“တပ်မတော်မှာ စစ်သည်အစားထိုးခန့်ထားတဲ့ ဝန်ထမ်းအရေအတွက်တွေကိုပါ စစ်အင်အား ထဲမှာ ထည့်ပေါင်းထားတာပါ။တကယ်တမ်းသေသေချာချာတွက်ကြည့်ရင် စစ်တပ်မှာ မြေပြင်မှာရှေ့တန်းထွက်နိုင်တဲ့တပ်သားအင်အားက တစ်သိန်းထက်မကျော်ပါဘူး၊ ကျန်တာတွေကတော့ အထက်အရာရှိတွေ ၊ ရုံးထိုင်တွေက ပိုများပါတယ်၊ နောက်ထပ်အရေးကြီးတာတစ်ခုက စစ်တပ်အတွက် ရပ်တည်ပေးတဲ့ ပြည်သူတွေက မရှိသလောက်ဖြစ်နေတာပဲ၊ ပြည်သူ့အင်အားက တပ်အင်အားထက်များတယ် ၊ အခုလို အားမလျော့ပဲ ဆက်လက်တိုက်ပွဲဝင်တော်လှန်နေရင် ရေရှည်မှာ ပြည်သူ့အောင်ပွဲခံရမှာပါ”

ကပ္ပတိန် ဇီးရိုး ယုံကြည်တဲ့ အမှန်တရားရောက်လာမယ့် အချိန်ကာလတစ်ခုကိုတော့ စောင့်ရဦးမှာပါ။ အချိန်က သက်သေဖြစ်မှာပါ ။ ပြည်သူတွေအားလုံးထွက်လာပြီး အခုလို အာဏာရှင်ကို ဆန့်ကျင်တွန်းလှန်နေတာက သူတို့လို တော်လှန်ရေးသမားတွေအတွက် ခွန်အား နဲ့ မျှော်လင့်ချက်ဖြစ်စေပါတယ်။

“ ကျနော်ကတော့ ဒီတော်လှန်ရေးကြီးအောင်မြင်တဲ့နေ့အထိ ပါဝင်နေပါဦးမယ်၊ ပြည်သူတွေအောင်ပွဲရတဲ့နေ့ကျရင် နိုင်ငံရေးကနေထွက်ပြီး သာမန်ပြည်သူဘဝနဲ့ပဲနေချင်တယ် ၊ ကိုယ့်နိုင်ငံ ဒီမိုကရေစီရနေတာကိုပဲမြင်ချင်ပါတယ်”

သူပြောတဲ့ ဒီမိုကရေစီအတွက် အခုချိန်မှာတော့ ပြည်သူတွေရဲ့ အသက်သွေးတွေ စတေးထားရပါတယ်။ တော်လှန်ရေးကာလ တစ်နှစ်နီးပါးရှိလာပြီး ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ စစ်တပ်ကြား အပြင်းအထန်တိုက်ပွဲတွေဖြစ်နေပေမယ့် လက်နက်အင်အားသာလွန်တဲ့ စစ်တပ်ကို အနိုင်ရဖို့က မလွယ်ကူဘူးလို့ စိုးရိမ်မိပါတယ်။

“ အခုခေတ်တော်လှန်ရေးက အရင်ကနဲ့မတူပါဘူး ဆက်သွယ်ရေး စနစ်တွေ အွန်လိုင်းတွေ ပိုကောင်းလာပါတယ်၊ လက်နက်အင်အားကောင်းရုံနဲ အနိုင်ရမယ်ဆိုတာမျိုးထက်၊ အခုခေတ်လူငယ်တွေ အရင်ခေတ်ကသူတွေပူးပေါင်းတာရယ် ၊ နည်းပညာကိုအသုံးပြုနိုင်တာရယ်က အားသာပါတယ်။ အရေးကြီးဆုံးက ပြည်သူတွေတစ်ယောက်မှ စစ်တပ်ဘက်မှာ မရှိတာပါပဲ “

တပ်မတော်အရာရှိဟောင်းရဲ့ ပြောတဲ့အချက်ထဲမှာ အောက်ခြေစစ်သားတွေက ဆင်းဆင်းရဲရဲနေရပေမယ့် ထိပ်ပိုင်းတပ်မတော်အရာရှိကြီးတွေကတော့ တိုင်းပြည်ကို ကလိမ်ကကျစ်နဲ့ အကျင့်ပျက်ချစားပြီး ကျိကျိတက်ကြွယ်ဝချမ်းသာနေတာပါပဲ။

“အန်အယ်လ်ဒီအစိုးရရဲ့  ရွေးကောက်ပွဲ  မဲမသာမှုကြောင့် အာဏာသိမ်းရတယ်ဆိုတဲ့ စစ်တပ်ရဲ့ အကြောင်းပြချက်က တကယ်တော့ မဟုတ်ပါဘူး ၊ အမှန်က စစ်တပ်အသိုင်းအဝိုင်းရဲ့ ကလိန်ကကျစ်လုပ်ရပ်တွေကို ဖော်ထုတ်ခံရမှာကြောက်တာရယ်၊ တပ်ရဲ့ အကျိုးစီးပွားကို ကာကွယ်လိုတာကြောင့်ရယ် အာဏာသိမ်းရတာဖြစ်ပါတယ် “

ကပ္ပတိန် ဇီးရိုး ရဲ့ အမြင် နဲ့ မင်းအောင်လှိုင် ရဲ့ အမြင်ကတော့ ဆန့်ကျင်ဖက်ပါပဲ။ ဘာလို့လဲဆိုတော့ ဘယ်နိုင်ငံမှာမဆို ခေတ်အဆက်ဆက်အကြောင်း အာဏာသိမ်း ခေါင်းဆောင်တွေရဲ့ အကြောင်းပြချက်က နိုင်ငံတော်ကို ကာကွယ်ဖို့လို့ပြောပေမယ့် လက်တွေမှာတော့ သူတို့ရဲ့ ပုဂ္ဂလိကအကျိုးစီးပွားကို ကာကွယ်ချင်တာပါ။

နေ့ရက်တွေ အချိန်တွေကတော့ ဖြစ်ရပ်မှန်ကို သက်သေပြလာမှာပါ။

ကျနော်စဥ်းစားတာက စစ်ခေါင်းဆောင်တွေရဲ့ အကြောက်ဆုံးကတော့ ပြည်သူတွေရဲ့အမုန်းပါ၊ ဥပမာ- ပြည်သူတွေရဲ့ အမုန်းကို ခံနိုင်ရည်မရှိလို့ အိမ်မပြန်ရဲပဲ တပ်ထဲမှာပဲ ပိတ်မိနေတဲ့ စစ်သားတစ်ယောက်လိုပေါ့ ”

On Key

Related Posts

ผวจ.เชียงรายยังไม่รู้เรื่องน้ำกกขุ่นข้น-เตรียมสั่งการทสจ.ตรวจคุณภาพน้ำ คนขับเรือเผยน้ำขุ่นต่อเนื่องตั้งแต่อุทกภัยใหญ่ 6 เดือนก่อน ผู้เชี่ยวชาญชี้ดินโคลนจากเหมืองทองเสี่ยงสารปรอทปนเปื้อน ระบุการตรวจสอบต้องทำให้ถูกวิธี เก็บตัวอย่างตะกอนดิน-ปลานักล่า

เมื่อวันที่ 20 มีนาคม 2568 นายชรินทร์ ทองสุข ผู้ว่Read More →

กรมควบคุมมลพิษลงพื้นที่เก็บตัวอย่างน้ำกก-ตรวจสารไซยาไนด์เหมืองทอง คาดรู้ผลภายใน 1 เดือน นักวิชาการเผยทหารว้าจับมือจีนแผ่อิทธิพลถึงชายแดนไทยใช้กลยุทธ์คุมต้นน้ำ-สร้างเหมืองกระทบไทย

เมื่อวันที่ 19 มีนาคม 2568 นายชัยวัฒน์ ปันสิน ผู้อRead More →

ผู้ตรวจการแผ่นดินหวั่นโครงการสร้างเขื่อนใหญ่กั้นโขงส่งผลกระทบเขตแดนไทย แนะสร้างกลไกหารือร่วมกับภาคประชาชน กรมสนธิสัญญาอ้างยังตรวจสอบไม่แล้วเสร็จ ภาคประชาชนจวก สนทช.งุบงิบข้อมูลจัดประชุมกรณีเขื่อนสานะคามแล้ว 4 ครั้ง

เมื่อวันที่ 19 มีนาคม 2568 ผู้สื่อข่าวรายงานว่า เมRead More →

หวั่นท่องเที่ยวพินาศหลังน้ำกกกลายเป็นสีขุ่นข้นจากเหมืองทองตอนบนในพม่า นายกฯอบต.ท่าตอนเตรียมทำหนังสือจี้รัฐบาลเร่งแก้ไข-ชาวเชียงรายเริ่มไม่กล้าเล่นน้ำ เผยปลาหายไป 70% ทสจ.ส่งทีมตรวจสอบคุณภาพน้ำ

———เมื่อวันที่ 18 มีนาคม 2568 พ.Read More →